၂ဝ၁ဝ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီ တက်ဆန္ဒပြပွဲ(တိုကျို)

Source – http://www.pnsjapan.org/

၂ဝ၁ဝ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီ တက်ဆန္ဒပြပွဲ(တိုကျို)

၂၀၁၀ အောက်တိုဘာလ (၂၇)ရက်။ 

စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ ဦးစီး၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများ နှင့် မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံ အားပေးနေသည့် ဂျပန် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (RENGO) ၊ မြန်မာ့ရေးရာ ပြည်သူ့အဖွဲ့ (PFB) ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (ဂျပန်)နှင့် ၊ Human Rights Watch ၊ Human Rights Now ၊ NGO အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။

တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့်အကြောင်းကို ဂျပန်အစိုးရ တာဝန်ရှိသူများတို့မှ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ တိုကျိုမြို့ Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံမှ ဂျပန်အစိုးရရုံးများ တည်ရှိရာ Kasumigaseki မြို့နယ်ဧရိယာကို ဖြတ်လျှောက်၍ Hibiya ပန်းခြံတွင် အဆုံးသတ်သည့် ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရကြောင်း သိရှိရပါသည်။

Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံကနေ ၂း၃၀ တွင် စတင်ချီတက်ခဲ့ကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖ စစ်အုပ်စု၏ တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ လက်မခံ ဆန်ကျင် ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံတို့ကို ချက်ခြင်း လွတ်ပေးရန်း ၊ ဂျပန်အစိုးရမှ မြန်မာ့ဒီမိုကရေစီ အရေးမှာ ထိရောက်သည့် အကူညီများ ကူညီပေးရန် တောင်းဆို ချီတက်လာခဲ့ကြပြီး Hibiya ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ဂျပန်အစိုးရမှ ပိုမိုထိရောက်စွာ လုပ်ကိုင် ဆောင်ရွက်ပေးစေလိုသည့် တိုက်တွန်း တောင်းဆိုချက်များကို မြန်မာ့အရေးကို အားပေးကူညီသည့် ဂျပန်လွတ်တော် အမတ်များသမဂ္ဂ ကနေတဆင့် ဂျပန်အစိုးရ တာဝန်ရှိသူများထံသို့ သွားရောက် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ(၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

More pics – http://picasaweb.google.com/t2sumleo/BoycottNov7ShamElection#

More pics – http://picasaweb.google.com/maikyawoo/ZawzawAung033?feat=flashalbum#

YouTube Video

 

သတင်းမှတ်တမ်း ။ Ko Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Zaw Zaw Aung /Lian Khan Sum(CNC-Japan)
ဗီဒီယိုမှတ်တမ်း။ ။TBS news, မြန်မာကျောင်းသားလူငယ်များ

…..

Advertisements

ရွေးကောက်ပွဲများ

ဒီမိုကရေစီ သင်ခန်းစာများ (Lessons in Democracy) ဘာသာပြန်မှ ထုတ်နှုတ်ဖော်ပြပါသည်။ အာဏာရှင်စနစ်အောက်မှ မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ စံနှုန်းများဖြင့် မည်သို့မည်ပုံ ကွာခြားနေသည်ကို ဗဟုသုတ အလို့ငှာ၊ နိုင်ငံရေး အကျိုးဖြစ်ထွန်းစေမည့် လှုပ်ရှားမှု အလို့ငှာ ပြန်လည်ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

မြန်မာဘာသာပြန်သူ – လွင်အောင်စိုး

၃၁-၁ဝ-၂ဝ၁ဝ

………………………………..

အပိုင်း (၁၅)  ရွေးကောက်ပွဲများ

ကိုယ်စားပြု ဒီမိုကရေစီစနစ် (Representative Democracy) ဟာ ရွေးကောက်ပွဲတွေအပေါ် အခြေခံရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ရပါမယ်၊ သမာသမတ် ရှိရပါမယ်။ လွတ်လပ်ပြီး သမာသမတ်ရှိတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်အောင် လုပ်နိုင်မယ့် အခြေခံအချက်တွေလည်း ရှိနေရပါမယ်။ ဒါတွေအပြင် လက်ရှိ အစိုးရ ကိုယ်တိုင်က အစိုးရအရာရှိတွေအတွက် ရွေးကောက်ပွဲ ကျင်းပပေးတတ်တယ် ဆိုတဲ့အချက်ကိုလည်း ပိုပြီး အလေးအနက် ဂရုစိုက်ဖို့လိုပါတယ်။ ဆိုလိုတာက လက်ရှိအစိုးရ အရာရှိကြီးတွေက သူတို့ရာထူးဆက်မြဲဖို့၊ တနည်းအားဖြင့်ဆိုရင် သူတို့ရဲ့နိုင်ငံရေးပါတီက အာဏာဆက်ရနေဖို့ ရွေးကောက်ပွဲ တွေကို ထိန်းချုပ်လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းလေ့ရှိကြပါတယ်။

အဲဒီလိုလုပ်လာနိုင်ဖို့ ရှိနေတာတွေအားလုံးကို တားဆီးပိတ်ပင်ရပါမယ်။ အစိုးရဝန်ထမ်းတွေကို နောက်ထပ် အာဏာကန့်သတ် ထိန်းချုပ်တဲ့ နည်းလမ်းနဲ့ တားဆီးပိတ်ပင်တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဗဟို အစိုးရဝန်ထမ်းတွေက ရွေးကောက်ပွဲ လှုပ်ရှားမှုမှာ မပါဝင်ရအောင် တားမြစ်ထားရတာကို နမူနာယူကြည့်နိုင်ပါတယ်။

ရွေးကောက်ပွဲတွေက နိုင်ငံသားတွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒကို ရှင်းလင်းသဲကွဲအောင် ဖော်ပြပါတယ်။ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးလှုပ်ရှားမှု တွေက အမှန်တကယ် လွတ်လပ်ပြီး သမာသမတ်ရှိတယ်ဆိုရင် နိုင်ငံသားတွေရဲ့ဆန္ဒကို ရွေးကောက်ပွဲနဲ့ စည်းစနစ်ကျနအောင် အကောင်အထည် ဖော်ပေးနိုင်ပါတယ်။

နိုင်ငံသားတွေမှာ နိုင်ငံရေးလုပ်ပိုင်ခွင့်တွေ ရှိပါတယ်။ မဲပေးနိုင်ခွင့် (ဒါမှမဟုတ်) ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံနိုင်ခွင့် ရှိပါတယ်။ ရွေးကောက်ပွဲ ဝင်မပြိုင်ဘူးဆိုရင် ရွေးကောက်ပွဲတာဝန်တွေကို ယူနိုင်ခွင့် ရှိပါတယ်။ မဲပေးသူနဲ့ ရွေးကောက်ပွဲဝင်ပြိုင်သူ တွေဟာ နိုင်ငံတော်က အကာအကွယ် ပေးတာကို ရယူပိုင်ခွင့် ရှိပါတယ်။ နိုင်ငံတော်ကပေးတဲ့ ဝန်ဆောင်မှုတွေကို လက်ခံရယူခွင့် ရှိပါတယ်။ နစ်နာဆုံးရှုံးတာတွေအတွက် နိုင်ငံတော်ကို တရားဝင်တိုင်တန်းခွင့် ရှိပါတယ်။

နိုင်ငံသားဖြစ်တယ် ဆိုတဲ့အချက်က တန်းတူညီမျှတဲ့သဘောကို ဆောင်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးစနစ်တခုခုမှာ တန်းတူ ညီတူ ပါဝင်နိုင်ခွင့်ရှိတာကို ဖော်ပြပါတယ်။ ဥပမာ- နိုင်ငံရေးပါတီကို ထူထောင်နိုင်ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံနိုင်ပါတယ်။

ရွေးကောက်ပွဲ ဆိုတာက နိုင်ငံရေးမှာ တရားဝင် ပါဝင်နိုင်ခွင့်ရှိတဲ့သဘောကို ဆောင်ပါတယ်။ ရွေးကောက်ပွဲတွေကို သမားရိုးကျ အတိုင်း ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ရပါတယ်။ လျှို့ဝှက်လုပ်ဆောင်လို့ မရပါဘူး။ စည်းစနစ်ကျနရပါတယ်။ ရွေးကောက်ပွဲဟာ သဘောမတူ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ပုန်ကန်ထကြွတာလည်း မဟုတ်ပါဘူး။

အစိုးရအတော်များများက နိုင်ငံသားတချို့ကို မဲမပေးနိုင်အောင်၊ ရွေးကောက်ပွဲ ဝင်မပြိုင်နိုင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ကန့်သတ် တားမြစ်လေ့ရှိပါတယ်။ ရွေးကောက်ပွဲမှာ သူတို့မလိုလားတဲ့ အချို့အဖွဲ့တွေက အနိုင်ရရှိသွားမှာကို မလိုလားလို့ နိုင်ငံရေးအရ စိန်ခေါ် ယှဉ်ပြိုင်လာတာတွေကို အစိုးရတွေက တားဆီးလေ့ရှိတာဘဲ ဖြစ်ပါတယ်။ ဘာသာရေးနဲ့ လူမျိုးစုရေးရာကို အကြောင်းပြုပြီး  နိုင်ငံရေးမလုပ်ဖို့လည်း ကမ္ဘာတလွှား အစိုးရတွေက ကန့်သတ်ထားတတ်ပါတယ်။

လူအချို့ကို ပုံမှန်လည်ပတ်နေတဲ့ လူ့အသိုင်းအဝိုင်းကနေ ခဏဖြစ်ဖြစ် ဖယ်ရှားထားရတဲ့ မူတခု ရှိပါတယ်။ ဥပမာ- ဆိုးဆိုးဝါးဝါး ရာဇဝတ်မှု ကျူးလွန်ထားသူတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖယ်ရှားခံနေရသူတွေဟာ မဲပေးခွင့် မရပါဘူး။ အစိုးရက  ကန့်သတ်ထားရပါ တယ်။ မဲပေးနိုင်တဲ့ အနိမ့်ဆုံးအသက်ကို သတ်မှတ်ပြီး ကန့်သတ်ရပါတယ်။ အသက် (၁၈)နှစ်ပြည့်သူကို အနိမ့်ဆုံးအသက် ဖြစ်တယ်လို့ ကမ္ဘာ့နိုင်ငံအများစုက အများအားဖြင့် သတ်မှတ်တတ်ကြပါတယ်။ အမှန်တကယ် မဲပေးခွင့် ရှိရုံနဲ့ မဲပေးနိုင်တယ်လို့ အပြတ်မပြောနိုင်ပါဘူး။ ဥပမာ- မဲပေးခွင့်ရှိတဲ့ နိုင်ငံသားတဦး ဖြစ်ပေမယ့်လည်း မဲပေးဖို့ မှတ်ပုံတင်ချိန်မှာ စိတ်ဖောက်ပြန် ရူးသွပ်နေ တယ်လို့ ဆေးစစ်ခံရရင် မဲပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီမိုကရေစီကို ကျင့်သုံးတယ်ဆိုရင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ၊ မဲပေးသူတွေ ဖြစ်နိုင်သမျှ အများဆုံး ရှိနေစေရ ပါတယ်။ ဒီမိုကရေစီစနစ်မှာ ထိထိရောက်ရောက်နဲ့ အကောင်းဆုံးဖြစ်စေဖို့ မဲပေးသူတွေမှာ လိုအပ်တာတွေကို ပြောပါမယ်။

1.         ပညာရေးအခြေခံနဲ့ အထွေထွေဗဟုသုတရှိရပါမယ်။ တဆက်တည်းမှာဘဲ လူ့ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အရှုပ်အထွေးတွေကို နားလည်နိုင်စွမ်းရှိနေပြီး လူမှုအသင်းအဖွဲ့တွေမှာ သင့်တင့်လျောက်ပတ်စွာ၊ တရားမျှတစွာ၊ ကျင့်ဝတ်ညီစွာ ပါဝင်နိုင်စွမ်း ရှိနေ ရပါမယ်။

2.         လူမှုရေးမှာ မလိုလားအပ်တာတွေက သြဇာလွှမ်းမိုးတတ်လို့ အဲဒါတွေကို ဖယ်ရှားနိုင်ရပါမယ်။ လူမှုရေးထိခိုက်မှာကို ငဲ့ကွက်ပြီး အားနာနေလို့ မရပါဘူး။

3.         အစိုးရက ဘာတွေ ရည်ရွယ်ထားသလဲ ဆိုတာ သိရမယ့်အပြင် အဖွဲ့အစည်းဌာနတွေ၊ ဘယ်လို စီမံ လုပ်ဆောင်နေကြသလဲ ဆိုတာတွေကိုလည်း သိထားရပါမယ်။

4.         အစိုးရ ထုတ်ပြန်ချက်တွေထဲမှာ လောလောဆယ် အရေးကြီးနေတာတွေကို သိထားရပါမယ်။

5.         မဲပေးသူရဲ့ဂုဏ်သိက္ခာ၊ အင်္ဂါရပ်တွေနဲ့တကွ ဘယ်လိုတာဝန်ရှိနေတယ် ဆိုတာကို သိထားရင်း စည်းစနစ်ကျန လွတ်လပ်စွာ မဲပေးနိုင်ရပါမယ်။

အမှန်တကယ်မှာတော့ ဘယ်လိုလူ့အဖွဲ့အစည်းမဆို ရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်ပေးနိုင်လောက်တဲ့ မဲပေးသူတိုင်းမှာ အခု ပြောတဲ့ လိုအပ်ချက်အားလုံးကို အဆင့်မီမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာလုပ်ပေးသင့်သလဲလို့ မေးစရာဖြစ်လာပါတယ်။ အဆင့် မမီရုံနဲ့ မဲမပေးနိုင်တော့ဘူးလို့ မဆိုလိုပါဘူး။ မဲပေးနိုင်ခွင့်ကို အဆုံးရှုံးခံလို့တော့ မရပါဘူး။ ဒ့ါပြင် အဆင့်မီ-မမီဆိုတာကို ယုတ္တိရှိရှိ၊ မျှမျှတတ ဘယ်လိုတိုင်းတာမလဲ။ ဒါမျိုးတွေကို တခါမှလည်း မစဉ်းစားမိခဲ့ပါဘူး။

လုပ်ပေးနိုင်တာ တခုဘဲ ရှိပါတယ်။ အဲဒါကတော့ “လူထုပညာပေးရေး” ပါဘဲ။ လူထုပညာပေးရေးပုံစံနဲ့ မဲပေးရမယ့်သူတွေကို ရွေးကောက်ပွဲမှာ လိုအပ်တဲ့ ဗဟုသုတတွေကို ဝေမျှပေးတာဖြစ်ပါတယ်။ မဲပေးတဲ့ကိစ္စအပြင် ဆက်နွယ်နေတဲ့ အခြားကိစ္စတွေအပေါ် လူထုက စိတ်ဝင်စားတဲ့အဆင့်၊ နားလည်သဘောပေါက်တဲ့အဆင့်၊ ပါဝင် လုပ်ဆောင်လာတဲ့အဆင့်ဆိုပြီး ရှိတာဖြစ်လို့ အချိန်ယူပြီး အသိပညာပေးရပါလိမ့်မယ်။

နိုင်ငံရေးကို တရားဝင် ဦးဆောင်နိုင်ဖို့အတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ရတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနိုင်တဲ့အခါ နိုင်ငံကထောက်ပံ့ ထားတဲ့ ရုံးခန်း၊ လွှတ်တော် အစရှိတာတွေ သုံးပြီး အစိုးရရဲ့စီမံခန့်ခွဲရေး၊ ဥပဒေပြုရေးတွေကို လူသိရှင်ကြား လုပ်ရပါတယ်။

နိုင်ငံအဆင့်အနေနဲ့ အထူးအရေးကြီးတဲ့ မလုပ်မဖြစ် ဂရုစိုက်စရာကိစ္စတွေအပေါ် လူထုက လက်ခံကျင့်သုံးလိုသလား ဆိုတာကို အစိုးရတွေက သိဖို့လိုပါတယ်။ ဒီအခါ လူထုဆန္ဒ ခံယူပွဲကို ကျင်းပပေးရပါတယ်။ နိုင်ငံသားတွေက မဲပေးပြီး သူတို့ဆန္ဒကို ထုတ်ဖော်ကြပါတယ်။ လူထုဆန္ဒခံယူပွဲဟာ ပုံမှန်ရွေးကောက်ပွဲတွေနဲ့ တပြိုင်တည်းကျင်းပတာလည်း ရှိတတ်ပါတယ်။ သီးခြားစီ ကျင်းပတာ လည်း ရှိပါတယ်။

ရွေးကောက်ပွဲအနိုင်ရသူတွေက ရာထူးသက်တမ်းတခုအတွင်းမှာ နိုင်ငံရေးကို ဦးဆောင်လုပ်ကိုင်ပေးရပါတယ်။ ပုံမှန်ရာထူး သက်တမ်းဟာ ၄ နှစ် (ဒါမှမဟုတ်) ၅ နှစ် ကြာပါတယ်။ ယေဘူယျအားဖြင့် ရာထူးသက်တမ်း ပိုပြီးတိုရင် အကောင်းဆုံးပါဘဲ။ ဘာကြောင့်လဲဆိုတော့ ရာထူးလက်ကိုင်ရှိသူကို ရာထူးသက်တမ်းအတွင်းမှာ ဖယ်ရှားဖို့ ခက်တာကြောင့်ဖြစ်ပါတယ်။

နိုင်ငံရေးဦးဆောင်သူတယောက်က ဦးဆောင်နိုင်စွမ်း ညံ့ဖျင်းနေတတ်တာဟာ မဆန်းပါဘူး။ ဒီခေတ်မှာ ပိုပြီးတောင် တွေ့မြင်နေကြရပါတယ်။ အရည်အချင်းညံ့ဖျင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ကို နောက်ထပ်သက်တမ်းတခုအတွက် ဆက်လက် မရွေးချယ်မိဖို့ လိုပါတယ်။ အရည်အချင်းညံ့ဖျင်းတဲ့သူက နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ ပါဝင်လာမှာကို တားဆီးနိုင်ဖို့ အာဏာကန့်သတ်ထားရပါတယ်။ မဲပေးမယ့် လူထုကလည်း ပြောခဲ့တဲ့အတိုင်း အဆင့်မီမီ မဲပေးရွေးချယ်နိုင်ဖို့ လိုပါတယ်။

သမတဦးဆောင်တဲ့ ဒီမိုကရေစီစနစ်မှာ သမတနဲ့တကွ အခြား ဥပဒေပြုအမတ်တွေအတွက် သူတို့ ရာထူးသက်တမ်း ကုန်ချိန်လောက်မှာ ရွေးကောက်ပွဲ ကျင်းပပါတယ်။ ပါလီမန်ဒီမိုကရေစီစနစ်မှာလည်း ဒီအတိုင်းဘဲရှိပေမယ့် ကွာခြားသွားတာကတော့ နိုင်ငံရေးအခြေအနေတချို့မှာ ဝန်ကြီးချုပ် ဖြစ်သူဟာ ရွေးကောက်ပွဲကို ပုံမှန်သက်တမ်းထက် စောပြီး ခေါ်ယူကျင်းပနိုင်ခွင့် ရှိတာဘဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို သက်တမ်းစောပြီး ကျင်းပတာကြောင့် ဒီမိုကရေစီ နည်းလမ်းမကျပဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်  ဒီလိုလုပ်တာဟာ ဝန်ကြီးချုပ်နဲ့တကွ သူ့ရဲ့ အာဏာရနိုင်ငံရေးပါတီအနေနဲ့ အခွင့်သာအောင် ဖန်တီးပေးတာဘဲ ဖြစ်ပါတယ်။

ပါလီမန်ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲအနိုင်ရတဲ့ နိုင်ငံရေးပါတီက အစိုးရဖွဲ့ခွင့် ရပါတယ်။ အစိုးရဖြစ်လာပေမယ့်လည်း အစိုးရရဲ့ အရည်အချင်း ညံ့ဖျင်းရင် အစိုးရအပေါ် အယုံအကြည် မရှိကြောင်း အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်ရတဲ့ လုပ်ငန်းစဉ်တခု (No confidence vote) ရှိပါတယ်။ ရွေးချယ်တင်မြှောက်ခံထားရသူတွေကို ရာထူးသက်တမ်း မကုန်မီမှာတောင် ဖယ်ရှားနိုင်ဖို့ စီမံထား တာပါ။ တကယ်လို့ အယုံအကြည်မရှိ မဲခွဲရာမှာ အစိုးရဘက်ကနိုင်သွားရင် ရွေးကောက်ပွဲကို စောပြီး ကျင်းပပါတော့တယ်။ အတိုက်အခံဘက်မှာ နိုင်ခြေမရှိတော့လို့ အာဏာရပါတီဟာ နောက်ထပ်သက်တမ်းတခုကို စိတ်ချလက်ချ စတင်နိုင်လို့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်တဲ့ အရည်အချင်းတွေဟာ အများအားဖြင့် အသက်၊ နိုင်ငံတွင်း နေထိုင်မှုအဆင့်၊ နိုင်ငံသားဖြစ်တဲ့ အချိန် ကာလတို့နဲ့ ပတ်သက်ပါတယ်။ ဒီထက်ပိုပြီး အရည်အချင်းပြည့်မီဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမယ့် နိုင်ငံအချို့မှာတော့ နောက်ထပ် ကန့်သတ်ထားတာတွေ ရှိတတ်ပါတယ်။ ဥပမာ-တက္ကသိုလ်ပညာရေး ရှိရမယ် စတဲ့ ကန့်သတ်ချက်တွေမျိုးပါ။ ဒီလို ကန့်သတ်ချက်မျိုး ရှိတယ်ဆိုရင် အဲဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲဝင်မယ့်သူတွေဟာ ပိုက်ဆံရှိ ပညာတတ် ဖြစ်နေရပါတော့မယ်။ ဒါဆိုရင် ဆင်းရဲ နွမ်းပါးလို့ အထက်တန်းပညာ မသင်နိုင်ခဲ့ရသူတွေအတွက် နိုင်ငံရေးမှာ နေရာမရှိတော့သလို ဖြစ်နေပါတော့တယ်။ ဒါဟာ ငွေကြေး ဓနကို အမွေဆက်ခံပြီး နိုင်ငံရေးအမြတ်ထုတ်တာပါဘဲ။ လူအားလုံး တန်းတူညီတူဖြစ်ရမယ့် ဒီမိုကရေစီကျင့်စဉ်နဲ့  လုံးဝဆန့်ကျင် နေပါတယ်။ ဒီမိုကရေစီကို အစစ်အမှန်ကျင့်သုံးရင် ရွေးကောက်ပွဲ ဝင်မယ့်သူဟာ နိုင်ငံရေး အရည်အသွေး ရှိနေတဲ့အပေါ်မှာဘဲ မူတည်သင့်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို အစစ်အမှန် ဖြစ်ထွန်းစေလိုရင် ဘယ်သူမဆို ရွေးကောက်ပွဲ ဝင်နိုင်ခွင့် ရှိနေရပါမယ်။

ဒီမိုကရေစီနိုင်ငံမှာ မဲပေးသူတို့တွေဟာ စိတ်ကြိုက်မဲပေး ရွေးချယ်နိုင်ခွင့် ရပါတယ်။ ဒီလိုဖြစ်နေအောင်လည်း မဲရုံတွေမှာ မဲပုံးပုံစံ၊ အထားအသိုကအစ အစစအရာရာ စီစဉ်ကာကွယ်ပေးထားရပါတယ်။ မဲပေးသူတွေကို ခြိမ်းခြောက်သွေးဆောင်ပြီး ရွေးချယ် မဲထည့် ခိုင်းတာမျိုး မရှိစေရပါဘူး။ လိုအပ်တဲ့အခါ မဲရုံတွေမှာ လက်နက်ကိုင်အစောင့်တွေကို ချထားပေးရပါတယ်။ International Monitor လို့ခေါ်တဲ့ နိုင်ငံတကာ မဲရုံစောင့်ကြည့်သူတွေကိုလည်း နေရာချထားပေးရပါတယ်။

မဲအနိုင်အရှုံးစာရင်း အတိအကျရဖို့ အလွန်အရေးကြီးပါတယ်။ မဲရုံတွေမှာ မမှန်မကန် စာရင်းသွင်းပြီး လူစားထိုး မဲပေးခိုင်းတတ် ကြပါတယ်။ ပြီးတော့ မဲခိုး၊ မဲလိမ်၊ မဲဖျောက် စတဲ့ မသမာမှုတွေ မရှိရအောင် ကာကွယ်ပေးဖို့ ကြိုတင်စီစဉ်ရပါတယ်။ မဲပေးမယ့်သူ စာရင်းကို အမှန်ဆုံးဖြစ်အောင် အတည်ပြုထားရပါတယ်။ မဲပေးမယ့်သူတွေအတွက် သက်သေခံ အထောက်အထားတွေကိုလည်း စနစ်တကျ ဖြစ်စေရပါတယ်။ အသက်ကြီးသူ၊ စာသိပ်မတတ်သူတွေလိုမျိုး မဲပေးသူတွေဟာ ရှုပ်ထွေးတဲ့ မဲပေးစနစ်ကို သိပ် နားမလည်ကြလို့ သူတို့ကို မသမာသူတွေက ခြိမ်းခြောက်သွေးဆောင်ပြီး မဲထည့်ခိုင်းတတ်ကြပါတယ်။ ဒါကြောင့် မဲပေးတဲ့ပုံစံဟာ အတတ်နိုင်ဆုံး လွယ်ကူရှင်းလင်းနေရပါမယ်။

ကိုယ်စားပြုဒီမိုကရေစီစနစ်မှာ မဲပေးသူတွေဟာ သူတို့သိပြီးသားသူတွေကို ရွေးချယ်နိုင်ကြပါတယ်။ ရွေးချယ်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မဲပေးဖို့ အကြုံးဝင်သူမှန်သမျှ မဲပေးခွင့်ရပါတယ်။ မဲရုံကြီးကြပ်သူတွေဟာ ဆန္ဒမဲတွေကို မှန်မှန်ကန်ကန် စာရင်းသွင်းပြီး အမှားအယွင်းမရှိ ရေတွက်ရပါတယ်။ မဲရေတွက်ရာမှာ လူကိုယ်တိုင် ရေတွက်ရပါတယ်။ တိုးတက်ခေတ်မီလာတဲ့အခါမှာတော့ ခေတ်ပေါ် ကိရိယာအသစ်တွေ၊ နည်းပညာသစ်တွေကိုသုံးပြီး မဲပေးလာကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မသမာမှု မရှိစေဖို့၊ စက်အမှား -လူအမှား မရှိစေဖို့ အတတ်နိုင်ဆုံးစစ်ဆေးပြီး တိကျအောင် လုပ်ရပါတယ်။ ရွေးကောက်ပွဲရလဒ်အပေါ် အပြင်းအထန် အငြင်းပွား တာမျိုးလည်း ရှိတတ်ပါတယ်။ ဒီအခါမှာ မဲတွေကို ပြန်ရေတွက်တာရှိသလို နောက်တကြိမ် မဲပြန်ပေးရတာလည်း ရှိပါတယ်။ နောက် တကြိမ် မဲပြန်ပေးတဲ့ပုံစံတွေက အမျိုးမျိုးရှိနိုင်ပါတယ်။

လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေအတွက် ရွေးကောက်ပွဲ ကျင်းပတဲ့ အမျိုးအစားဟာ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ရွေးချယ် တင်မြှောက်ခံထားရသူက သေဆုံးသွားရင် (ဒါမှမဟုတ်) အလုပ်ထွက်သွားရင် (ဒါမှမဟုတ်) ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းလို့ နှုတ်ထွက်ပေးရရင် အဲဒီလူရဲ့ရာထူးက လစ်လပ်နေမှာ ဖြစ်လို့ ကြားဖြတ်ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပရတာပါဘဲ။ စီစဉ်နေကျ ပုံစံမျိုး မဟုတ်တဲ့အပြင် ပုံမှန်ရွေးကောက်ပွဲ ကျင်းပချိန်မဟုတ်ပဲ လုပ်ရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မဲမပေးပဲ နေလို့ရ-မရ ဆိုတဲ့ကိစ္စဟာ နိုင်ငံရေးပါတီတွေနဲ့ ဆက်စပ်နေလို့ အပိုင်း(၁၆) နိုင်ငံရေးပါတီတွေရဲ့ အခန်း ကဏ္ဍရောက်မှ ပြောပါတော့မယ်။ နိုင်ငံတချို့မှာ နိုင်ငံသားတွေဟာ မဲပေးဖို့ ပျက်ကွက်ရင် နောက်တကြိမ် မဲပေးခွင့် ဆုံးရှုံးတတ် တာမျိုး ရှိပါတယ်။

လိုလားချက်တခုခုကို ဖြည့်ဆည်းပေးနိုင်ဖို့ကိစ္စမှာ စောဒကတက်စရာ နမူနာတခုကို ပြောပါမယ်။ ရွေးချယ် တင်မြှောက် ခံရသူတွေကို ပိုပြီးတရားဝင်ဖြစ်အောင် နိုင်ငံတွေက အတတ်နိုင်ဆုံး ကြိးပမ်းကြပါတယ်။ အကြောင်းကတော့ လူထုဆန္ဒကို ဖြည့်ဆည်းပေးတယ် ဆိုတဲ့ သမိုင်းမှတ်တမ်းကောင်းကို လိုချင်လို့ပါဘဲ။ ဒါပေမယ့် လူထုက မဖြစ်မနေ မဲပေးရမယ် ဆိုတာကတော့ အာဏာရှင်ဆန်ပါတယ်။ မဲပေးတာဟာ နိုင်ငံသားတဦးအနေနဲ့ နိုင်ငံတာဝန် ထမ်းဆောင်ခွင့် ရတယ် ဆိုတဲ့ ဂုဏ်ပုဒ်တခု ပါဘဲ။ ဒါပေမယ့် မဲပေးတယ်၊ မပေးဘူးလို့ ဆုံးဖြတ်တာဟာ အဲဒီနိုင်ငံသားရဲ့ လွတ်လပ်တဲ့ ဆန္ဒအတိုင်းဘဲ ဖြစ်သင့်ပါတယ်။

 

မူရင်း (အင်္ဂလိပ်ဘာသာ) © Roland O. Watson 2008

မြန်မာဘာသာပြန် – လွင်အောင်စိုး

………….

တအုပ်လုံး ဘာသာပြန်အတွက် download  PDF – http://www.lessonsindemocracy.org/LessonsinDemocracyBurmese.pdf

မြန်မာပြည်သူများထံ အမှာစကား ပန်ကြားချက်

မြန်မာပြည်သူများထံ “မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ဒုတိယအကြိမ်)”မှ

အမှာစကား ပန်ကြားချက်

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) မှ “မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ဒုတိယအကြိမ်)” ကို ယနေ့ (၃၁-၁ဝ-၂ဝ၁ဝ) Takadanobaba, Tokyo, Japan ၌ နံနက် ၁ဝ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပပါသည်။

ဆွေးနွေးပွဲတွင် မိုင်ကျော်ဦး(NDF) ၊ အရှင်ထာဝရ (ABMRC)၊ ဦးတင်ဝင်း (FWUBC)၊ ဦးဇော်မင်းခိုင် (ALD-Exile-Japan)၊ ဦးသန်းဆွေ(BDA)၊ ဦးရဲငြိမ်း(အလင်းအိမ် မဂ္ဂဇင်း)နှင့် ဦးလွင်အောင်စိုး (Save Burma)တို့၏ ဆွေးနွေးသုံးသပ်ချက်များကို ဦးကျော်ကျော်စိုး (LDB) မှ Moderator အဖြစ် ကူညီဆောင်ရွက်ပေးပြီး ဆွေးနွေးပွဲ တက်ရောက်လာသူများထဲမှ ဦးဖုန်းလှိုင် (FWUBC & Peaceful Burma)၊ စောမျိုးခိုင်ရှင်း (KNU-Japan)၊ ဦးလှအေးမောင် (ALD-Exile-Japan)၊ ဦးဘောင်လု (KNCD-LA-JP) တို့က ပြန်လှန် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသူ စုစုပေါင်း (၃၄)ဦး ရှိပါသည်။

“မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ဒုတိယအကြိမ်)” ၏ အဓိကဦးတည်ချက်မှာ မြန်မာနိုင်ငံ၌ နိုဝင်ဘာ (၇)ရက်နေ့တွင် ကျင်းပတော့မည့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာပြည်သူများထံ အမှာစကား ပန်ကြားခြင်း ဖြစ်ပါသည်။

ယနေ့ဆွေးနွေးပွဲ၏ ရလဒ်မှ ထွက်ပေါ်လာသော ပြည်သူသို့ အမှာစကား ပန်ကြားချက် (Message) မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ရွေးကောက်ပွဲသည် ပြည်သူတို့၏ အနာဂတ် ကံကြမ္မာ အကောင်းအဆိုးကို ဖန်တီးမည် ဖြစ်၍ ပြည်သူတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ရာတွင် —

  • တရားမျှတမှု မရှိသော၊ လူ့အခွင့်အရေးများကို အာမခံထားခြင်း မရှိသော၊ ဒီမိုကရေစီ စံနှုန်းများဖြင့် ကိုက်ညီခြင်း မရှိသော ၂ဝဝ၈ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသက်သွင်းမည့် ရွေးကောက်ပွဲ ဖြစ်သောကြောင့် ပြည်သူတို့အနေဖြင့် မဲမပေးပဲ နေပိုင်ခွင့်ရှိသည့်အတိုင်း မဲမပေးပဲ နေရန်၊
  • အကယ်၍ မဖြစ်မနေ မဲပေးရမည်ဆိုပါက မိမိတို့ ယုံကြည်အားကိုး ကိုယ်စားပြုပေး နိုင်မည့်သူများ မရှိလျှင်  ရွေးကောက်ပွဲဝင်ပြိုင်သူ မည့်သူကိုမျှ မဲပေးရွေးချယ်ခြင်း မဟုတ်သည့် ပယ်မဲ ဖြစ်စေရန်၊
  • “ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ကို လူထုအင်အား အလုံးအရင်းဖြင့် ထောက်ခံကြိုဆို အားပေးကြရန်
  • ရွေးကောက်ပွဲလွန်ကာလ မြန်မာ့ဒီမိုကရေစီအရေး ဆက်လက်လှုပ်ရှားရေးအတွက် ယခုကတည်းကပင် ကြိုတင်ပြင်ဆင်ထားကြရန်၊ အမှာစကား ပန်ကြားလိုက်ပါသည်။

ဆွေးနွေးပြောဆိုချက် အသေးစိတ်ကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားသည်ဖြစ်၍ မကြာမီ ဖြန့်ချိပေးမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပြန်ကြားရေး

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

မှတ်ချက်၊     ဆက်စပ်သတင်းနှင့် ဓါတ်ပုံများကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

http://www.pnsjapan.org/2010/10/blog-post_3746.html

Download PDF – Message from 2nd EBC political discussion 31-10-2010

ဒုတိယ ပင်လုံစာချုပ် လိုအပ်နေပြီ

၂ဝဝ၉ ခုနှစ် မတ်လတွင် ဖြန့်ချိခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါသည်။

လွင်အောင်စိုး

၂၉-၁ဝ-၂ဝ၁ဝ

…….

Design – လူထုအသံ

p1

p31

p21

Download PDF: engagement-is-needed.pdf

……

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းနှင့် ပတ်သက်၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) ၏ ထုတ်ပြန်ကြေညာချက်

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းနှင့် ပတ်သက်၍

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) ၏

ထုတ်ပြန်ကြေညာချက်

၂၅-၁ဝ-၂ဝ၁ဝ

၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် မြန်မာ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစု ခေါင်းဆောင်များ၊ ဒီမိုကရေစီရရှိရေး လှုပ်ရှားသူများ လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည့် ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းပါ –

  • ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တို့အတွက် ရည်မှန်းချက်၊
  • ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထား၊
  • ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ကြိုးပမ်းမှု

များသည် ငြိမ်းချမ်းသော မြန်မာနိုင်ငံ ပေါ်ထွန်းရေးအတွက် ကောင်းမွန် မှန်ကန်သော ဆုံးဖြတ်ချက်များ ဖြစ်သောကြောင့် ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများက အပြည့်အဝ ထောက်ခံကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

ပါဝင်သည့် အဖွဲ့အစည်းများ

1 National League for Democracy (Liberated Area – Japan Branch) 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ

2 League for Democracy in Burma (LDB) 

မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ်

3 Burma Democratic Action (BDA)
4 Democratic Federation of Burma (DFB)
5 All Burma Federation of Student Unions (Foreign Affairs Committee) (ABFSU-FAC) 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်  (နိုင်ငံခြားရေးရာ ကော်မတီ)

6 Democratic Party for a New Society (DPNS-JPB) 

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (ဂျပန်ဌာနခွဲ)

7 Burma’s Refugees Serving Association (Japan) 

မြန်မာနိုင်ငံသား ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အသင်း

8 Save Burma
9 Peaceful Burma
10 Federation of Workers’ Union of the Burmese Citizen (in Japan) (FWUBC) 

မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂ အဖွဲ့ချူပ် (ဂျပန်ပြည်)

11 Self-funding Committee International (SCI)
12 အလင်းအိမ် မဂ္ဂဇင်း
13 National Democratic Front (Burma) (NDF) Representative for Japan
14 Palaun National Society (PNS)
15 Arakan League for Democracy (Exile-Japan)
16 Chin National Community-Japan (CNC- Japan)
17 Hotel and Restaurant Worker’s Union of Burma (HRWUB) 

မြန်မာနိုင်ငံ ဟော်တယ်နှင့် စားသောက်ဆိုင် အလုပ်သမားများ သမဂ္ဂ၊ ဂျပန်

18 Seafarers’ Union of Burma (SUB) 

မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ၊ ဂျပန်

19 အဟာရ စာစောင်
20 Human Resource Development Program (HRDP)
21 Burma Campaign Japan (BCJP)
22 Karen National Union – Japan (KNU-Japan)
23 Kachin National Organization, Japan (KNO-Japan)
24 Karen National Community (KNC-Japan)
25 Karen National League (KNL-JP)
26 Punnyagari Mon National Society (PMNS)
27 Shan Nationalities for Democracy – Japan (SND-JP)
28 Kachin State National Congress for Democracy (Liberated Area-Japan) (KNCD)
29 FTUB Japan Representative
30 Shan State Nationalities for Democracy – Japan (SSND-JP)

Download PDF – Statement of EBC on Kalay Declaration

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း (မြန်မာဘာသာနှင့် ဂျပန် ဘာသာပြန်)

……………………………………………………………………

Japanese translation

………………………….

နိုင်ငံရေးအရ ရှင်သန်မှု

Download PDF – Political Survival

Contact – sayarkway@gmail.com