Video – EBC မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ပထမအကြိမ်)
November 5, 2010 Leave a comment
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး နှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ပထမအကြိမ်)
(တိုကျို၊ ဂျပန်) ၁၇-၁ဝ-၂ဝ၁ဝ (တနင်္ဂနွေနေ့)
မြန်မာပြည်သူတို့၏ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲကို စစ်အာဏာရှင် အာဏာရူးတို့က လာမည့် နိုဝင်ဘာလ (၇)ရက် တနင်္ဂနွေနေ့တွင် ကျင်းပပါတော့မည်။ ဤရွေးကောက်ပွဲမှာ စစ်အာဏာရှင်တို့က မဖြစ်မနေ ကျင်းပရသော ရွေးကောက်ပွဲ မဟုတ်ပဲ ၎င်းတို့ စိတ်ကြိုက်အနေအထားရ၍ တရားမဝင် အာဏာသိမ်း အုပ်စုမှ တရားဝင် အစိုးရဖြစ်လာအောင် မတရားမှုပေါင်းစုံဖြင့် ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်သည်။
ဤသို့သော နိုင်ငံရေးအခင်းအကျင်းတွင် ဒီမိုကရေစီ လိုလားသော ပြည်သူတို့အနေဖြင့် လုံးဝဥဿုံ လည်စင်းခံ အလျှော့ပေး၍ မဖြစ်ပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ရပါမည်။ ဒီမိုကရေစီ ဘက်ခြမ်းတွင် ပြတ်ပြတ်သားသား ရပ်တည်၍ အာဏာရှင်တို့၏ မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ဖျက်ရပါမည်။
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ဖြစ်နိုင်သမျှ နည်းလမ်းများစွာဖြင့် အားတက်သရော ကြိုးပမ်းလျက်ရှိပါသည်။
ဆန့်ကျင်တိုက်ဖျက်ရာတွင် စည်းစနစ်ကျနစွာဖြင့် ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်လျက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ပထမအကြိမ်) ကို ၁၇-၁ဝ-၂ဝ၁ဝ (တနင်္ဂနွေနေ့) နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ Recycle Center 4 F, Takadanobaba, Shinjuku, Tokyo တွင် ကျင်းပခဲ့ပါသည်။
လူထုနှိုးကြားမှုကို အားဖြည့်ဆောင်ရွက်ရန်အတွက် ဆွေးနွေးပုံ အသေးစိတ်ကို ဗီဒီယိုဖြင့် မှတ်တမ်းတင် ထားပြီး YouTube, Internet TV အစရှိသည့် ဆက်သွယ်ရေး နည်းလမ်းများဖြင့် မြန်မာနိုင်ငံ ပြည်တွင်းသို့၎င်း၊ အခြားနိုင်ငံအရပ်ရပ်သို့၎င်း ဖြန့်ချိပေးလျက်ရှိပါသည်။
ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)
…………..
မှတ်တမ်းတင် ဗီဒီယို – sankyawooo
ဆက်လက်ဖော်ပြပါမည်။